💜E.6 Caching Obstacle Heuristic in Smac Planner
Caching Obstacle Heuristic in Smac Planner
Smac Hybird-A* plannel နဲ့ State Lattice Planner မှာ cache_obstacle_heuristic ဆိုတဲ့ option ရှိပါတယ်။ သူက ဘာလဲဆိုတော့ သွားခဲ့ ဖူးတဲ့ goal pose တွေဆိုရင် heuristic ( အစအဆုံး ရှာဖွေသွားလာတဲ့ ဖြစ်စဥ် )ကို cache လုပ်ထားပေးနိုင်တာပဲ။ အဲ့တော့ အရင်ရောက်ခဲ့ပြီးသား goal တွေကို သွားတဲ့နေရာမှာ ပိုမြန်တာပေါ့။ အဲ့ဒီ obstacle heuristic တွေသည် robot ကို လမ်းကြောင်းအတိုင်း အလယ်တည့်တည့်သွားဖို့ နဲ့ cost တွက်တဲ့နေရာတွေမှာအသုံးဝင်ပါတယ်။ re-planning speed တက်လာစေတာပေါ့။
အဲ့လို cache လုပ်ထားတယ်ဆိုတော့ costmap ထဲက information အများစုကို update မဖြစ်စေတာမျိုးတော့ရှိတယ်။ ဒါပေမဲ့လည်း latest အဖြစ်ဆုံး cost ဖန်ရှင်ရဲ့ data ကိုသာ အသုံးပြုမျာမို့လို့ impact သိပ်တော့မဖြစ်ပါဘူးတဲ့။ ဒါပေမဲ့လည်း ( လာပြန်ပြီ ) obstacle အသစ်တွေ ချထားလိုက်ရင်တော့ အသစ်နဲ့အဟောင်းပေါင်းပြီး လမ်းကြောင်းတခုလုံးကို ပိတ်ဆို့သွားနိုင်မျိုးတော့ ဖြစ်နိုင်ပါသေးတယ်။ အဲ့တော့ maintainers တွေက အကြံပေးတာကတော့
moving obstacles, moving things တွေသိပ် မများတဲ့ခါ
global costmap မှာ live update လုပ်စရာမလိုတဲ့အခါမှသာ ဒီ option ကိုသုံးပါတဲ့။
ယခင်က သွားဖူးပြီးသား goal pose နေရာအတွက် cache လုပ်ထားပြီး သွားတယ်ဆိုပေမဲ့ latest information ကို သာ အဓိက ယူတာမို့ ဟောဒီ cache_obstacle_heuristic ဟာ သိပ်ပြီးတော့လည်း အသုံးဝင်တယ် မဟုတ်ပါဘူးတဲ့။ ( အမျိူးမျိူးပဲနော် )
Last updated