Page cover image

🤖Project ROM2109

ROM2109 Autonomous Mobile Robot Project ကို ၂၀၂၁ စက်တင်ဘာလ မှာစတင်ပြီး အခု နှစ် ၂၀၂၃ စက်တင်ဘာလတွင် စတင် အသုံးပြုနိုင်သည်အထိ develop လုပ်ခဲ့ကြသည်။ ROM2109 Tall Robot ကို ကိုပြည့်စုံအောင် က Design ဆွဲ ပြီး ROM2109 Bot ကို ကိုစည်သူရဲထွန်း က Design ဆွဲသည်။ ၂၀၂၁ တွင် assembly parts မျာကို 3D print, CNN များဖြင့် ပြုလုပ်ကြ ပြီး assembly ပြုလုပ်ခဲ့ပါသည်။

၂၀၂၁ ၊၂၀၂၂ တွင် Mobile Robot Controller အတွက် Circuit Design ကို ပြည်တွင်းတွင် Design ဆွဲပြီး Firmware development ကို စတင်ပြုလုပ်ခဲ့ပါသည်။ Firmware Design ကို ကိုပြည့်စုံအောင် ဦးဆောင်ရေးဆွဲ၍ ကိုစည်သူရဲထွန်း ၊ ကိုကောင်းထက်ထွန်း တို့က သုတေသနပြုလေ့လာခဲ့ကြကာ Embedded Linux အတွက် ကိုကျော်စွာထွန်းက အားဖြည့်ကူညီခဲ့ပါသည်။

၂၀၂၃ နှစ်ဦးမှ စ၍ Robot Operating System II နှင့် အဆင့်မြင့် နည်းပညာအချို့ပါဝင်သော Software Development နည်းပညာများဖြင့် Robot ကို deploy လုပ်ခဲ့ကြရာ ယခုထက်တိုင်အောင် တီထွင်ကြံဆနေကြပါသည်။

ကျတော်တို့ ၏ ရည်ရွယ်ချက်မှာ Robotics နည်းပညာကို လေ့လာလိုသူများအတွက် turtlebot 3 ကဲ့သို့ စျေးနှုန်းကြီးမြင့်သော robot များနေရာတွင် ROM2109 Robot များကို တည်ဆောက်ပြီး အဆင့်မြင့်နည်းပညာများကို လေ့လာနိုင်စေရန်ဖြစ်ပါသည်။ ဆက်လက်၍လည်း Industrial Type Autonomous Mobile Robot တည်ဆောက်ရန်အတွက် အခြေခံကောင်းများကို မြန်မြန်ဆန်ဆန် လေ့လာ လက်လှမ်းမီစေရန်အတွက်ဖြစ်ပါသည်။

😄 ဓါတ်ပုံကတော့ 2019 Internship program က ကျောင်းသားများနဲ့ လုပ်ငန်းခွင်ဝင်စဥ်က ပုံဖြစ်ပါတယ်။ 🎉

Last updated