> For the complete documentation index, see [llms.txt](https://rom-robotics.gitbook.io/rom2109-amr-athonpyunilan/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://rom-robotics.gitbook.io/rom2109-amr-athonpyunilan/project-rom2109.md).

# Project ROM2109

ROM2109 Autonomous Mobile Robot Project ကို ၂၀၂၁ စက်တင်ဘာလ မှာစတင်ပြီး အခု နှစ် ၂၀၂၃ စက်တင်ဘာလတွင် စတင် အသုံးပြုနိုင်သည်အထိ develop လုပ်ခဲ့ကြသည်။ ROM2109 Tall Robot ကို ကိုပြည့်စုံအောင်  က Design ဆွဲ ပြီး ROM2109 Bot ကို ကိုစည်သူရဲထွန်း က Design ဆွဲသည်။ ၂၀၂၁ တွင် assembly parts မျာကို 3D print, CNN များဖြင့် ပြုလုပ်ကြ ပြီး assembly ပြုလုပ်ခဲ့ပါသည်။&#x20;

၂၀၂၁ ၊၂၀၂၂  တွင် Mobile Robot Controller အတွက် Circuit Design ကို ပြည်တွင်းတွင် Design ဆွဲပြီး Firmware development ကို စတင်ပြုလုပ်ခဲ့ပါသည်။ Firmware Design ကို ကိုပြည့်စုံအောင် ဦးဆောင်ရေးဆွဲ၍ ကိုစည်သူရဲထွန်း ၊ ကိုကောင်းထက်ထွန်း တို့က သုတေသနပြုလေ့လာခဲ့ကြကာ Embedded Linux အတွက် ကိုကျော်စွာထွန်းက အားဖြည့်ကူညီခဲ့ပါသည်။&#x20;

၂၀၂၃ နှစ်ဦးမှ စ၍ Robot Operating System II နှင့် အဆင့်မြင့် နည်းပညာအချို့ပါဝင်သော Software Development နည်းပညာများဖြင့် Robot ကို deploy လုပ်ခဲ့ကြရာ  ယခုထက်တိုင်အောင် တီထွင်ကြံဆနေကြပါသည်။&#x20;

ကျတော်တို့ ၏ ရည်ရွယ်ချက်မှာ Robotics နည်းပညာကို လေ့လာလိုသူများအတွက်  turtlebot 3 ကဲ့သို့ စျေးနှုန်းကြီးမြင့်သော robot များနေရာတွင် ROM2109 Robot များကို တည်ဆောက်ပြီး အဆင့်မြင့်နည်းပညာများကို လေ့လာနိုင်စေရန်ဖြစ်ပါသည်။ ဆက်လက်၍လည်း Industrial Type Autonomous Mobile Robot တည်ဆောက်ရန်အတွက် အခြေခံကောင်းများကို မြန်မြန်ဆန်ဆန် လေ့လာ လက်လှမ်းမီစေရန်အတွက်ဖြစ်ပါသည်။

:smile: ဓါတ်ပုံကတော့ 2019 Internship program က ကျောင်းသားများနဲ့ လုပ်ငန်းခွင်ဝင်စဥ်က ပုံဖြစ်ပါတယ်။ :tada:
